အမြို့မြို့အနယ်နယ်သတင်းများ

Jul 06,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့သန့်ရှင်းသာယာလှပစေရေးအတွက် မိုးရာသီကာလ အတွင်း ရေစီးရေလာကောင်းမွန်စေရန်၊ ရေမြောင်းအတွင်း အမှိုက်များပိတ်ဆို့မှုမရှိစေရန်နှင့် ခြင်များ ပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍရေးနှစ် ရန်ပုံငွေဖြင့် တာဘောင်ကြီးလမ်း အုတ်ရေမြောင်းဒုတိယအပိုင်းကို ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။
Jul 06,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ ဆင်ကုန်းကျေးရွာတွင် ထွက်ရှိသော ရာသီစာ ဖြစ်သည့် ဖက်စွတ်မှိုများ ယခုနှစ်တွင် ပေါများစွာထွက်ရှိသည့်အတွက် စျေးကောင်း မရကြောင်း အမှတ် (၂)ရပ်ကွက်မှ မှိုရှာဖွေ ရောင်းချသူ တစ်ဦးထံမှ သိရသည်။
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ ကျောင်းများတွင် ဆရာ/ ဆရာမများနှင့် ကျောင်းသူ/ ကျောင်းသားများ၌ ကိုဗစ်−၁၉ရောဂါပိုး တွေ့ရှိသည့်အတွက် ဇူလိုင်လ (၆) ရက်နေ့မှစတင်၍ အခြေခံပညာကျောင်း (၉) ကျောင်းအား ယာယီပိတ်ထားကြောင်း သိရသည်။
Jul 06,2021
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူပြု သစ်ပင်စိုက်ပျိုးပွဲကို အင်းတော် မြို့နယ်၊ နဘားကျေးရွာအုပ်စု၊ ပင့်တင်ကျေးရွာအနီး ရွှေဘို - မြစ်ကြီးနား ကားလမ်းဘေးတွင် ၂၀၂၁ ခုနှစ်၊ ယမန်နေ့ နံနက်( ၇ ) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီး ရေးအတွက် Mask Campaign နှင့်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈) နာရီက ပြင်စလူမြို့ ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု များပြား လာသည့်အတွက် ရောဂါကူးစက်မှု မပြန့်ပွားစေရေးနှင့်  ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သား၊ ငါးနှင့် ကုန်စိမ်းရောင်းချသူများ အား ယမန်နေ့မှစတင်၍ ယာယီဈေးသို့ ပြောင်းရွှေ့ဖွင့်လှစ်ရောင်းချစေခဲ့ကြောင်း သိရသည်။
Jul 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ မြို့အတွင်း သွားလာနေကြသော မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်း (Mask) ဝတ်ဆင်သွားလာရေး၊ ဈေးသူဈေးသားများ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးတို့အတွက် မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်စစ်ဆေးရေး ကော်မတီ အဖွဲ့တို့သည် တာလေတပ်နယ်ဈေးအတွင်း ယနေ့နံနက် ၇ နာရီ က ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။