မင်းလှမြို့ တာဘောင်ကြီးလမ်း၌‌ ရေစီးရေလာကောင်းမွန်‌စေရေး အုတ်ရေမြောင်း ပြုလုပ်

အထက်မင်းလှ ဇူလိုင် ၆

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့သန့်ရှင်းသာယာလှပစေရေးအတွက် မိုးရာသီကာလ အတွင်း ရေစီးရေလာကောင်းမွန်စေရန်၊ ရေမြောင်းအတွင်း အမှိုက်များပိတ်ဆို့မှုမရှိစေရန်နှင့် ခြင်များ ပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍရေးနှစ် ရန်ပုံငွေဖြင့် တာဘောင်ကြီးလမ်း အုတ်ရေမြောင်းဒုတိယအပိုင်းကို ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ  ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ် ရန်ပုံ‌ငွေဖြင့် မင်းလှမြို့ တာဘောင်ကြီးလမ်းတွင်ပြုလုပ်သည့် အုတ်ရေမြောင်းမှာ အရှည် ၈၇၈  ပေ၊ အကျယ်  ၃ ပေ၊ အမြင့် ၂ပေခွဲရှိပြီး ခွင့်ပြုရန်ပုံ ငွေ ၃၉၁သိန်း ၂ သောင်းဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိကာ သတ်မှတ်ကာလအတွင်းပြီးစီးနိုင်‌ရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇာဇာ(အထက်မင်းလှ)