အမြို့မြို့အနယ်နယ်သတင်းများ

Aug 11,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ မည့်အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များစာရင်းကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာအုပ်စု
Aug 11,2020
စ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို
Aug 11,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အာဖရိက ဝက်အပြင်းဖျားရောဂါ ကူးစက်မှုမရှိစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်က ကျောက်စု ကျေးရွာခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။
Aug 11,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု CERP အစီ အစဉ်ဖြင့် ထောက်ပံ့မှုအရ ဆောင်ရွက်သော မိုးစပါး ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်ခင်းကို ဩဂုတ် ၁၁ ရက် က တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများ မျိုးကွဲနှုတ်ပယ်ခြင်းကို သရုပ် ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း မြို့ဦးစီးမှူးရုံး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အတွင်း သာယာလှပစေရန်နှင့် ပြည်သူများ သွားရေး လာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Aug 11,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နမ္မတူမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေး စီမံကိန်းဒေသများတွင် အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ မွေးမြူရေးအထောက်အကူပြု ပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် ကျေးလက် နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်၊ တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းမှ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းသို့ တိုးတက်မွေးမြူ ထုတ်လုပ်လာစေရန်၊ တိရိစ္ဆာန် ကူးစက်ရောဂါများအား ကြိုတင်ကာကွယ်နိုင်ရန်နှင့် မွေးမြူရေးအသိပညာ ဗဟုသုတများ ပိုမိုသိရှိနားလည် လာစေရန် ရည်ရွယ်၍ မွေးမြူရေးဆိုင်ရာ ပညာပေးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 11,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိကြ‌သေးသည့် ပြည်သူများကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီး ဌာနက ရပ်ကွက်များအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြရာ ယနေ့နံနက် ၉ နာရီ က ညောင်ကွဲရပ်ကွက်၊ ၁၁ လမ်း နှင့် ၈၉ လမ်းထိပ်၊ ရှင်အရဟံ ဘုရားအနီးရှိ ဝေဇယန္တာဓမ္မာရုံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လေးရက်မြောက်အဖြစ် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။