ပြင်စလူ ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီး ရေးအတွက် Mask Campaign နှင့်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈) နာရီက ပြင်စလူမြို့ ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းနှင့်ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ပြင်စလူမြို့ နယ်မြေရဲစခန်း၊မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့မီးသတ်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့ စည်ပင်သာယာရေးအဖွဲ့၊မြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ရပ်ကွက် အတွင်းရှိ လက်ဖက်ရည်ဆိုင်များ၊ကုန်စုံဆိုင်များ၊ ဈေးရောင်း ဈေးဝယ် ပြည်သူများ၊ အခြေခံပညာကျောင်းများနှင့်ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးအတွက် Mask Campaign နှင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး/သတိပေး ပြောကြားရမည့်အချက်များ၊ သင့်မိသားစုကျန်းမာရေး စနစ်တကျ လက်ဆေးပေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ပြင်စလူမြို့ (ပြန်/ဆက်)