ကျောက်ကြီးမြို့နယ်တွင် ကျောင်းများ၌ ကိုဗစ်ပိုးတွေ့ရှိ၍ ကျောင်း(၉)ကျောင်း ယာယီပိတ်

 

 

 

ကျောက်ကြီး  ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ ကျောင်းများတွင် ဆရာ/ ဆရာမများနှင့် ကျောင်းသူ/ ကျောင်းသားများ၌ ကိုဗစ်−၁၉ရောဂါပိုး တွေ့ရှိသည့်အတွက် ဇူလိုင်လ (၆) ရက်နေ့မှစတင်၍ အခြေခံပညာကျောင်း (၉) ကျောင်းအား ယာယီပိတ်ထားကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၃၃) ကျောင်းရှိရာ အခြေခံပညာအထက်တန်း(၂) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၂) ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) (၁) ကျောင်း၊ မူလတန်းလွန်ကျေုာင်း (၄) ကျောင်း စုစုပေါင်းကျောင်း (၉)ကျောင်း၌ ကျောင်းသူ၊ ကျောင်းသား (၁၄)ဦး၊ဆရာ၊ဆရာမ (၄) ဦးနှင့် ကျောင်းလုပ်သား (၁) ဦး စုစုပေါင်း (၁၉) ဦးတို့တွင် ကိုဗစ်−၁၉ ရောဂါပိုး တွေ့ရှိသည့်အတွက် အဆိုပါကျောင်း (၉) ကျောင်းအား ယာယီ ပိတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

 ကေခိုင်