အမြို့မြို့အနယ်နယ်သတင်းများ

Jul 06,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ဇူလိုင်လ ၅ ရက်နေ့က ကိုဗစ်− ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၁၂)ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Jul 06,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယမန်နေ့ နံနက် ၉ နာရီက အခြေခံငါးမွေးမြူရေး နှင့်ဆေးထိုးသားဖောက်သင်တန်းဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန လက်ထောက်ဦးစီး မှူး ဦးထင်ကျော်ထံမှ သိရသည်။
Jul 06,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၅)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Jul 06,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ရိပ်သာ(၂)ခန်းမတွင် ထိုးနှံလျက်ရှိရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင် နှင့်မြို့နယ် ထွေအုပ်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများပေါင်း၍ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများနှင့်ညီ စနစ် တကျ စီမံဆောင်ရွက်ကာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 06,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် နယ်ခြား စောင့်တပ်၊ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့နှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် Quarantine Centre များအား ကလိုရင်း ဆေးရည် (ပိုးသတ်ဆေး) များကို ယနေ့နံနက်ပိုင်း လိုက်လံပက်ဖျန်းပေးလျက်ရှိကြောင်း သိရှိရသည်။
Jul 06,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ စားဝတ်နေရေးနှင့်အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် အခြေခံဆိုင်ကယ်စက်ပြင်သင်တန်း ဖွင့်ပွဲကို ယမန်နေ့က ရွာကိုင်းကောင်း ကျေးရွာတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
Jul 06,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့အတွက် Omron digital သွေးပေါင်ချိန်စက် တစ်လုံးကို ဝမ်ကောင်းဆရာတော်၊ ဆရာတော်ဇာမီးခမ်းလျဲန်းနှင့် ဆရာတော်စိတိခမ်းတို့က ယမန့်နေ့တွင် ပေးအပ်လှူဒါန်းခဲ့သည်။
Jul 06,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံး Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းက စာဖတ်သူများအတွက် ကျန်းမာရေး အသိသုတရရှိပြီး သတိပြုဆင်ခြင်နိုင်စေရန် “ကျန်းမာရေးကို ဒုက္ခပေးနေသော အစာစားချိန်မမှန်ခြင်း” ဆောင်းပါးဖြင့် ကျန်းမာရေးဗဟုသုတမျှဝေခြင်းအစီအစဉ်ကို Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။