နာဂဒေသလေရှီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံ

လေရှီး    ဇူလိုင်    ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချပ်ခွင့်ရဒေသ၊ လေရှီးမြို့၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံခြင်းကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ရိပ်သာ(၂)ခန်းမတွင် ထိုးနှံလျက်ရှိရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင် နှင့်မြို့နယ် ထွေအုပ်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများပေါင်း၍  ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများနှင့်ညီ စနစ် တကျ စီမံဆောင်ရွက်ကာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံရာတွင် ထိုးနှံသူ(၁၃၀၉)ဦး၊ ဒုတိယအကြိမ် ထိုးနှံရာတွင် ထိုးနှံသူ (၁၁၀၁)ဦးနှင့် ယခုတတိယအကြိမ် ပြန်လည် ထိုးနှံလျက်ရှိရာ ပထမနေ့တွင် ထိုးနှံသူ (၁၂၀) ရှိပြီဖြစ် ကြောင်း ၄င်းကာကွယ်ဆေးကို ဇူလိုင်လ (၆)ရက်နေ့မှ(၈)ရက်နေ့အထိ (၃)ရက်ထိုးနှံပေး သွားမည်ဖြစ် ကြောင်း သိရှိရသည်။

 

ဆိုင်းသား