မိုင်းယောင်း ဇူလိုင် ၆
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့အတွက် Omron digital သွေးပေါင်ချိန်စက် တစ်လုံးကို ဝမ်ကောင်းဆရာတော်၊ ဆရာတော်ဇာမီးခမ်းလျဲန်းနှင့် ဆရာတော်စိတိခမ်းတို့က ယမန့်နေ့တွင် ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ဆရာတော်ဇာမီးခမ်းလျဲန်းက ဩဝါဒချီးမြှင့်ပြီးနောက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီအဖွဲ့ဝင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးထံ သွေးပေါင်ချိန်စက်ကို ပေးအပ်ကာ တပ်ဖွဲ့မှူးက ကျေးဇူးတင်စကား ပြန်လည်လျှောက်ထားခဲ့သည်။
မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး သွေးအလှူရှင်များ စုဆောင်းခြင်း၊ ကိုယ်တိုင်သွေးလှူဒါန်းခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း