Covid-19 ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် လှိုင်းဘွဲမြို့ပေါ်အတွင်း ပိုးသတ်ဆေး ပက်ဖျန်း

လှိုင်းဘွဲ ဇူလိုင် ၆

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် နယ်ခြား စောင့်တပ်၊ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့နှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်နှင့် Quarantine Centre များအား ကလိုရင်း ဆေးရည် (ပိုးသတ်ဆေး) များကို ယနေ့နံနက်ပိုင်း လိုက်လံပက်ဖျန်းပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ပိုးသတ်ဆေး လိုက်လံပက်ဖျန်းရာတွင် လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်၊ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ် လူမှုကယ်ဆယ်ရေးအသင်းတို့က လှိုင်းဘွဲမြို့ပေါ်ရှိ ကိုဗစ်-၁၉ ရောဂါကြောင့် ကန့်သတ်ခံ ရထားသည့် လမ်းများ၊ပြည်သူ့ဆေးရုံ၊ မြို့ပေါ်ရပ်ကွက်များနှင့် Quarantine Centre များ၊ မြို့မဈေး၊ ကန့်သတ်ခံရသည့် လမ်းဧရိယာများနှင့် အများသွားလာနိုင်သည့် နေရာများအား ပိုးသတ်ဆေး ဖျန်းကား(၃)စီး၊ မီးသတ်ယာဉ်(၁)စီး၊ ရေသည်ယာဉ်(၁)စီးဖြင့် ကလိုရင်း ဆေးရည်(ပိုးသတ်ဆေး) များ လိုက်လံ ပက်ဖျန်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။