ညောင်ရွှေ ဇူလိုင် ၂၇
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများတွေ့ရှိရ မှုများပြားလာပြီး ပိုးတွေ့နှုန်းမြင့်တက်လျက်ရှိသဖြင့် မြို့နယ်အတွင်းနေထိုင်ကြသည့် မိဘပြည်သူ များအား နေအိမ်တွင်နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ(၂၅)ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ နေအိမ်တွင်နေထိုင်ရေး (Stay at Home)အစီအစဉ်အရ ကိုဗစ်-၁၉ရောဂါ ကူးစက် ဖြစ်ပွားမှု ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဌာနမှဝန်ထမ်းများ၊ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ လူမှုရေးအသင်းအဖွဲ့များပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်း၍မြို့အတွင်းသို့ ဝင်ရောက်နိုင်သည့် ညောင်ရွှေ-ရွှေညောင်လမ်းမပေါ်ရှိ မြို့အဝင်မြို့ဦးစေတီတော်အနီး၌လည်း ကောင်း၊ ညောင်ရွှေ-တောင်လေးလုံးလမ်းမပေါ်ရှိ ပေါင်းပိုင်းလမ်းဆုံ၌လည်းကောင်း၊ ညောင်ရွှေ-အေးသာယာစက်မှုဇုန်လမ်းမပေါ်ရှိ ရွှေလင်ပန်းဘုန်းတော်ကြီးကျောင်းရှေ့၌လည်းကောင်း စစ်ဆေး ရေးဂိတ်များဖွင့်လှစ်၍ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ဝင်ရောက်လာသူများအား ခရီးသွားရာဇဝင်စိစစ်ခြင်း၊ နေရပ်နှင့်သွားလာရသည့် အကြောင်းအရင်းစိစစ်ခြင်း၊ အကြောင်းတစ်စုံ တစ်ရာမရှိဘဲ နေအိမ်ပြင်ပထွက်ခွာမှုမပြုရေး အသိပညာပေးခြင်းများကို ဆောင်ရွက်လျှက်ရှိပြီး ရွေ့လျားစစ်ဆေးရေးအဖွဲ့ဖြင့်လည်း မြို့တွင်းသွားလာနေသူများအား အကြောင်းတစ်စုံ တစ်ရာ မရှိဘဲ နေအိမ်ပြင်ပထွက်ခွာမှုမပြုရေး အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ