ဘုရားသုံးဆူမြို့၌ မိုးအဆက်မပြတ်နေ့စဉ်ရွာသွန်းမှုကြောင့် ချောင်းဆုံချောင်း ရေလျှံကာ လူနေအိမ်များသို့ ရေများဝင်ရောက်ပြီး ရေဘေးရှောင်စခန်းသို့ ယာယီပြောင်းရွှေ့

ဘုရားသုံးဆူ ဇူလိုင် ၂၇

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ဘုရားသုံးဆူမြို့၌ နေ့စဉ် မိုးစဉ်ဆက်မပြတ် ရွာသွန်းနေမှုကြောင့် ဘုရားသုံးဆူမြို့၊ ပြောင်မထိမ်ကျေးရွာအုပ်စု၊ ချောင်းဆုံကျေးရွာ အနှိမ့်ပိုင်းအချို့တွင် လူနေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်လျက်ရှိပြီး နေအိမ်များနစ်မြုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်းကြောင့် ကယ်ဆယ်ရွှေ့ပြောင်းခြင်းလုပ်ငန်းများကို  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘုရားသုံးဆူမြို့မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်​ရေးအသင်းအဖွဲ့များမှ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရေဘေးရှောင်ပြည်သူများအား အ‌ချိန်နှင့်တစ်ပြေးညီ ရေဘေးရှောင်စခန်းသို့ ကယ်ဆယ်ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါရေကြီးနစ်မြုပ်မှုကြောင့် ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု(၇)စုအား ယမန်နေ့နံနက်ပိုင်းက ရေဘေးရှောင်စခန်းများသို့ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ် ချက်များနှင့် ပြောင်းရွှေ့နေရာချထားပေးလျက်ရှိပြီး မိုးအဆက်မပြတ်ဆက်လက်ရွာသွန်းနေမှုကြောင့် ချောင်းဆုံချောင်း၏ သတ်မှတ်စိုးရိမ်ရေအမှတ် (၁၄)ပေ မြင့်တက်လျက်ရှိရာ စိုးရိမ်ရေအမှတ်(၁၀)ပေ ​ရောက်ရှိနေကြောင်း သိရသည်။


ဘုရားသုံး