ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီက ပြည်မြို့နယ် လူမှုရေးအသင်းအဖွဲ့များအတွက် ကိုဗစ်-၁၉ ကျန်းမာရေးသုံးပစ္စည်းများထောက်ပံ့ပေးအပ်

ပြည်  ဇူလိုင်  ၂၇

ပဲခူးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီက ပြည်မြို့နယ် လူမှုရေးအသင်းအဖွဲ့ များအတွက် ကိုဗစ်-၁၉ရောဂါဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက် အကူပြုအသုံးပြုနိုင်ရန် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် PPEဝတ်စုံ(အဖြူ/ အပြာ)အပါအဝင် လက်သန့်ဆေးရည် နှင့် ပါးစပ်နှာခေါင်းစည်း(Mask) တို့ပါဝင်‌ကြောင်းသိရပြီး အဆိုပါကိုဗစ်-၁၉ ကျန်းမာ ရေးသုံးပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးက ပြည်မြို့နယ်ရှိ လူမှုရေးအသင်းအဖွဲ့များဖြစ်သော ပွင့်လှသိမ်ကုန်း၊ မြန်မာမူဆလင်၊ ပျူနှလုံးသား၊ ရွှေရောင်အလင်းတန်းနှင့် ရေနစ်သူကယ်ဆယ်ရေး အစရှိသည့် အသင်း အဖွဲ့တာဝန် ရှိသူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ကိုဆက်