ရသေ့တောင်မြို့၌  ပင်စင်စားပြည်သူများသို့ ပင်စင်လစာများ စတင်ထုတ်ပေးလျက်ရှိ

ရသေ့တောင် ဇူလိုင် ၂၇

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌  ပင်စင်စားပြည်သူများသို့ ပင်စင်လစာများအား ယမန်နေ့ နံနက်(၇)နာရီက မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပင်စင်လစာများ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ  လူစုလူဝေးမဖြစ်စေရေး မြို့ပေါ်ပင်စင်လစာများအား နံနက် ၇ နာရီမှ ၉ နာရီထိလည်းကောင်း၊ ကျေးရွာများမှ ပင်စင်လစာများအား နံနက် ၁၀နာရီမှ နေ့လယ် ၁နာရီထိလည်းကောင်း နှစ်သုတ်ခွဲ၍ ထုတ်ပေးသွားမည်ဖြစ်သည်။

ရသေ့တောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကိုလျော့ချစေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် ပင်စင်စားမိဘပြည်သူများအနေဖြင့် ပင်စင်လာရောက် ထုတ်ယူရာတွင် အဆင်ပြေစေရေး အတွက် ဇူလိုင် ၂၆ ရက်နေ့မှစ၍ သြဂုတ်လ ပထမပတ်ထိ ရုံဖွင့်ရက်များတွင် နေ့စဉ်နှစ်သုတ်ခွဲ၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွား ရေးဘဏ်မှ သိရသည်။ 

မြို့နယ် (ပြန်/ဆက်)