မော်လမြိုင် ဇူလိုင် ၂၇
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းခဲ့၍ တောင်ကျရေ စီးဆင်းမှု များကြောင့် မြို့ပေါ်ရပ်ကွက်အချို့၌ ယမန်နေ့ မွန်းလွဲပိုင်းက နေအိမ်တွင်းရေဝင် ရောက်မှု များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ရေကြီး၊ ရေဝင်ရောက်မှုများကြောင့် ဈေးကြိုရပ်ကွက်တောင်ဝိုင်း ဥယျာဉ်လမ်း အိမ်ခြေ (၄၁)လုံး၊အိမ်ထောင်စုကျား/မ(၁၅၃)တို့အား တောင်ဝိုင်းဓမ္မာရုံနှင့် လှိုင်ရပ်ကွက်အေးသာယာ ခွာညိုလမ်းနေအိမ်(၅၀)မှပြည်သူများအားအေးသာယာစာသင်ကျောင်းနေရာအသီးသီးရေဘေးလွတ်ရာသို့ပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင်ဖြစ်ပေါ်နေသည့်ရေဘေးသင့်ပြည်သူ များအတွက် နေထိုင်ရေးအဆင်ပြေစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများ၊ပရဟိတကူညီကယ်ဆယ်ရေးအဖွဲ့များနှင့်ရပ်ကွက်တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)