ဝေါ ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ ပိုးတွေ့လူနာများအား ကုသနိုင်ရန် အတွက် ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်ချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ သို့ ယနေ့ နံနက် ၁၀ နာရီအချိန်က အလှူငွေများ လှူဒါန်းခဲ့ကြသည်။
လှူဒါန်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး မျိုးဝင်းအောင်နှင့် အဖွဲ့ဝင်များ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဦးစန်းအောင်နှင့် မြို့မိ မြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး ဝေါမြို့မှ စေတနာအလှူရှင်များဖြစ်သည့် ဦးတင်ဝင်း + ဒေါ်ခင်ဆွေဝင်း (ဆင်နဂါးဆေးလိပ်မိသားစု) (၁၀) သိန်းကျပ်၊ ဦးကုလားကြီး+ဒေါ်တင်လှိုင် (သီရိမာလာ ဆန်စက်မိသားစု) (၁၀) သိန်းကျပ်၊ ဦးခင်+ဒေါ်တင်အုန်း (ပဲမျိုးစုံရောင်ဝယ်ရေးမိသားစု) (၁၀) သိန်း ကျပ်၊ (ရွှေဇီးကွက် ဆန်စက်မိသားစု) (၅) သိန်းကျပ်၊ ဦးအောင်ဒွေး (မိသားစု) (၁) သိန်းကျပ်၊ ဦးအေး +ဒေါ်သန်းရီ (အိမ်ဆောက်ပစ္စည်းဆိုင်) (၃) သိန်းကျပ်၊ ဦးကျော်ထက်အောင် (ခေတ္တဂျပန်ရောက်) (၂) သိန်းကျပ်၊ ဦးသက်နိုင်ဝင်း+ ဒေါ်ဝေဝေနွယ် (မြို့နယ်လဝက) (၁) သိန်းကျပ်၊ ဦးနိုင်ဝင်း + ဒေါ်အေးအေးဝင်း (၁) သိန်းကျပ် အလှူငွေ စုစုပေါင်း (၄၃)သိန်း ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ ကြောင်း သိရသည်။
ဝေါမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ အတည်ပြုလူနာ စုစုပေါင်း (၄၀၀)ဦးအထိရှိကာ ယင်းလူနာများကို ဝေါမြို့နယ် ပြည်သူ့ဆေးရုံတို့တွင် ကျန်းမာရေးကုသ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်် အဆိုပါ အတည်ပြုလူနာများအား ကျန်းမာရေးကုသမှု ဆောင်ရွက် ရာတွင် လိုအပ်လျက်ရှိသော အောက်စီဂျင်အိုးများ၊ ဆေးဝါးပစ္စည်းများကို ဒေသခံပြည်သူများ အပါအဝင် ရပ်ဝေးရပ်နီးမှ စေတနာရှင် အလှူရှင်များ အနေဖြင့် လှူဒါန်းမှုပြုလိုပါက ၀၅၂၇၅၀၁၁၊ ၀၅၂၇၅၀၃၃၊ ၀၅၂၇၅၀၃၃ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ဝေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
အောင်မြတ်လင်း