အောင်မြေသာစံမြို့နယ်တွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

အောင်မြေသာစံ ဇူလိုင် ၁၆
 
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင်ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာ ပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့မွန်းလွဲ၁နာရီခွဲက မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင်အောင်မြေသာစံမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဆိုင်ရာမြို့နယ် ဦးစီမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးကျော်စိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးဇော်လင်းဦးတို့က ပန်းခင်းစီမံချက် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် (၄)မျိုး၊ စီမံချက်ကာလ သတ်မှတ်ထားရှိမှု၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများ နှင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုများ၊ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ပြည်သူများသိသင့် သိထိုက်သည့် အချက်များအကြောင်းကို ပြည်သူများ သိရှိစေရန်အတွက် အသိပညာပေးဆွေးနွေးကြသည်။
ပန်းခင်းစီမံချက်ကို ၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့မှ ၂၀၂၂ရက်နေ့ နိုဝင်ဘာ၃ ရက်နေ့ထိ ဆောင်ရွက်သွား မည်ဖြစ်ပြီး လက်ရှိဇာတိတွင် အမြဲတန်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ လက်ရှိ ဇာတိတွင် အမြဲတန်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင် လက်မှတ် မရှိသူများ၊ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်း ရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင် လက်မှတ် မရှိသူများ၊ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိ ဒေသတွင်လည်း အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင် လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)