ပြည် ဇူလိုင် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် Facility Quarantine Centre, Hotel Quarantine များ၌ သွားလာမှုကန့်သတ်ထားရှိသူများနှင့် အနံ့ပျောက်၍လာရောက်ပြသသူများ စုစုပေါင်း (၂၃၂)ဦးကို ယမန်နေ့က RDT ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိအတည်ပြုလူနာသစ်(၇၃)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်းမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပတုံ့ ပြန်ရေး ကော်မတီထံမှ သိရသည်။
ယင်းသို့ စစ်ဆေးရာတွင် ပြည်မြို့သူနာပြုသင်တန်းကျောင်းFacility Quarantine Centre နှင့် Hotel Quarantine များတွင် အသွားအလာကန့်သတ်ထားရှိသူ ၉၅ဦးအနက်၂၇ဦးရောဂါပိုးတွေ့ရှိကြောင်း၊ပေါင်းတလည်တိုက်နယ်ဆေးရုံတွင်အနံ့ပျောက် လာရောက်ပြသသူ ၃၆ ဦးအနက် ၁၆ဦးပို့တွေ့ရှိကြောင်း၊ အလားတူ ဝက်ထီးကန်တိုက်နယ်ဆေးရုံတွင် အနံ့ပျောက်လာရောက်ပြသူ ၁၀၁ ဦးအနက် ၃၀ ဦးပိုတွေ့ရှိကြောင်းနှင့် သို့ဖြစ်၍ ပြည်မြို့နယ်တွင် ယမန်နေ့ကစစ်ဆေးသူစုစုပေါင်း ၂၃၂ဦးအနက် ရောဂါပိုးတွေ့အတည်ပြုလူနာသစ် ၇၃ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ၎င်းတို့ကို သက်ဆိုင်ရာ ဆေးရုံများတွင် ကျန်းမာရေးကုသဆောင်ရွက် ပေးလျက်ရှိ ကြောင်းသိရပြီး ပြည်မြို့နယ်တွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ရောဂါ ပိုးစစ်ဆေး တွေ့ရှိအတည်ပြုလူနာစုစုပေါင်း ၆၈၀ဦးအနက် ကျန်းမာရေးပြန်လည်ကောင်း မွန်၍ ဆေးရုံဆင်းခွင့်ရသူ ၁၅၁ဦးနှင့် သေဆုံးသူ ၂၃ဦးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။
ကိုဆက်