မိုးကောင်းမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ

မိုးကောင်း ဇူလိုင် ၁၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်း များ  စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းများ ပိုမိုသိရှိစေရန် ရည်ရွယ်၍ Community Centre ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီတွင် နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်နီနီလွင်က နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေ စာအုပ်ပါ အခန်း(၇)မှ ဝန်ထမ်း အဖြစ်မှ ထုတ်ပယ်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်ခြင်း၊ ပြန်လည် ခန့်ထားခြင်း ကိစ္စရပ်များကို ဖတ်ကြားပြီး ဓါတ်ပုံကျွမ်းကျင်-၂ ဦးသန်းလွင်ဦးက နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေ စာအုပ်ပါ အခန်း(၈)မှ  ခွင့်ခံစာချက်ဆိုင်ရာကို လည်းကောင်း၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်အိအိဖြိုးက အခန်း(၁၅)မှ ဝန်ထမ်း စည်းကမ်း ဆိုင်ရာပြစ်မှုများကို လည်းကောင်း၊ ရုပ်/သံကျွမ်းကျင်-၃ ဒေါ်ခင်ဇာလီခိုင်က အခန်း(၁၄)မှ ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး