လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ရောဂါပျောက်ကင်းသူ(၁၇၃) ဦး ဆေးရုံဆင်းခွင့်ရ

လက်ပံတန်း ဇူလိုင် ၁၆
 
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း GTI ကိုဗစ် -၁၉ ကုသရေးစင်တာ၊ ပြည်သူ့ဆေးရုံ Isolation Ward၊ အ.ထ. ကခမုံဆိပ်၊ အ.ထ.က ဇီးဖြူကုန်း၊ အ.ထ.ကသာရဝေါ၊ အ.ထ.က မကျီးကွင်း၊ အ.ထ.က ဖိုးခေါင်စု၊ အ.ထ.က(၂)၊ အ.လ.က ကျွန်းကလေးတို့တွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနက ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကျန်းမာရေးကောင်းမွန်သူ (၁၇၃)ဦး ဆေးရုံ ဆင်းခွင့်ရရှိကြောင်း သိရသည်။
 
မြို့နယ်အတွင်းရှိ ကိုဗစ်ပိုးတွေ့ရှိ အတည်ပြုလူနာများ သီးသန့်ထားရှိရာ နေရာများမှ ကျန်းမာရေး ကောင်းမွန်သူ (၁၇၃)ဦးအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနက ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ်များကို တာဝန်ရှိ သူများမှ ပေးအပ်ကာ နေအိမ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့ နေအိမ်တွင် (၇)ရက်ကြာ နေထိုင်ကြရန်နှင့် ကျန်းမားရေးအသိပညာပေး အမှာစကားများ ပြောကြားခဲ့ ကြောင်း သိရသည်။
 
လက်ပံတန်းမြို့တွင် ဇွန်လ ၇ ရက်နေ့မှစ၍ သေဆုံးသူ (၂၁) ဦး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၈၈၃) ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
 
ဝင့်နန္ဒာဌေး