ရွာသစ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်း ဆွေးနွေး

ရွာသစ် ဇူလိုင် ၁၇

ရွာသစ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့အုပ်ချုပ်ရေးမှူး ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရွာသစ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့်က အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ မိမိတို့မြို့အတွက်အရေးကြီးသော ကာလဖြစ်သောကြောင့် အားလုံးညီညွတ်စွာဖြင့် တစ်ဦး နှင့်တစ်ဦး ချိတ်ဆက်၍ ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ မြို့ဝင်/ထွက်ဂိတ်များတွင် တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ လုံခြုံရေးအဖွဲ့စသည်တို့မှ လည်း အားလုံး သတိတရားဖြင့် စနစ်တကျ ထမ်းဆောင်စေလိုကြောင်း၊ လိုအပ်ချက်များရှိပါကမြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်သွားကြရန် တို့ကိုပြောကြားခဲ့သည်။

ဆက်လက်၍ ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်ခတ္တာမြင့်မှ ယနေ့တွင်ပင် ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီညွန်ကြားချက်ဖြစ်သော ပြည်နယ် ကျော်ဝင်ရောက်လာသူများ အနေဖြင့် Facility Quarantine (၁၀)ရက် ဝင်ရောက်ပြီး Home Quarantine (၁၄)ရက်ဝင်ရောက်ရမည် ဖြစ်ကြောင်းနှင့် ပြည်နယ်တွင်း သွားလာသူများအနေဖြင့် Home Quarantine (၁၄)ရက် ဝင်ရောက်ရ မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး ရပ်မိရပ်ဖ တစ်ဦးက ခရီးသွားများအားပို့ဆောင်ရာတွင် ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများတို့နှင့် ချိတ်ဆက်ဆောင်ရွက် သွားမည့်အ​​ခြေအနေများကို အသေးစိတ်ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် ကော်မတီဝင်များကပူးပေါင်း ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ရွာသစ်(ပြန်/ဆက်)