မိုင်းဆတ် ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးရှေ့နှင့် ဈေးအတွင်း၌ Mask Camping နှင့် အသိပညာ ပေးခြင်းကို ယနေ့နံနက် (၇)နာရီခွဲက ဆောင်ရွက်ခဲ့သည်။
မြို့မဈေးရှေ့ဖြတ်သန်းသွားလာသူများနှင့် မြို့မဈေးအတွင်း ဈေးရောင်းချလျက်ရှိသော ဈေးသည် များ၊ ဈေးဝယ်လာသူများအား Mask စနစ်တကျ တပ်ဆင်ရေး၊ ဈေးရှေ့ဖြတ်သန်း သွားလာသူများအား မလိုအပ်ဘဲနေအိမ်ပြင်ပထွက်သွားလာခြင်းမှ ရှောင်ကြဉ်ရေး၊ မဖြစ်မနေသွားလာရပါက Mask တပ်ဆင် သွားလာရေး၊ လက်ကို Hand gel (သို့မဟုတ်) ဆပ်ပြာဖြင့် မကြာခဏလက်ဆေးရေး၊ လူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရေး အသိပညာပေးပြောကြားပြီး Mask (၇၅၀)ခု အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ Mask Camping ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးလှိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်၊ ခရိုင်ဥပဒေအရာရှိ ဦးသန့်ဇင်နှင့် တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြင့်မောင်(မိုင်းဆတ်)