စစ်တွေမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

စစ်တွေ ဇူလိုင် ၁၇

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ထိန်းချူပ်ရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက အရှိအဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်ထိန်းချူပ်ရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို စစ်တွေခရိုင်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဉက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ဦးစိန်မြင့်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဉက္ကဋ္ဌနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့များမှ ဦးဆောင်ကာ မြို့ပေါ်ရပ်ကွက် ၃၃ ရပ်ကွက်တွင် နေရာ ၃၃ ခုခွဲပြီး ဆောင်ရွက် လျက်ရှိသည်။ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များသည် မြို့အဝင် ကားဂိတ်၊ မြို့ပေါ်ရပ်ကွက်များတွင် လူသွားလူလာများသော နေရာများ၊ လူစည်ကားရာနေရာများ၊ ရပ်ကွက် ဖြတ်ကျော်နေရာများ၌ ခရီးသွားပြည်သူများ၊ လမ်းသွားလမ်းလာများနှင့် ပြည်သူများကို ဝန်ဆောင်မှုပေးနေ သော အငှားယာဉ် မောင်းများကို အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေကြသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက် ၃၃ ရပ်ကွက်၊ စုရပ် ၃၃ ခုတွင် ပထမအကြိမ် (Mask) ၆၀၀၀၀ ကျော်အား ခရီးသွားပြည်သူများ၊ လမ်းသွားလမ်းလာများနှင့် ပြည်သူများကို ဝန်ဆောင်မှုပေးနေသော အငှားယာဉ်မောင်းများကို လူထုလှုပ်ရှားမှု စစ်ဆင်းရေးတစ်ရပ်အနေဖြင့်ဖြန့်ဝေခဲ့ပြီး ဒုတိယအကြိမ်တွင်လည်း (Mask) ၃၀၀၀၀ ကျော်ကို ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)