Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်ဆည်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ စတင်တည်ဆောက်လျှက်ရှိ
Jul 20,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြိုနယ်တွင် အောက်ဆီဂျင်လိုအပ်မှုများ ဖြည့်ဆည်းပေးနိုင်ရေး ကြက်မင်းတွန်ရပ်ကွက် ရွှေစေတီကျောင်းတိုက်အတွင်း ဆရာတော်ဘဒ္ဒန္တပညာသာမိ ဦးဆောင်မှုဖြင့် စေတနာရှင်၊ အလှူရှင်များ၏ ထည့်ဝင်ငွေများဖြင့် ဇူလှိုင်(၁၄)ရက်နေ့က စတင်ပြီး အောက်ဆီဂျင် စက်ရုံ ဆောက်လုပ်လျှက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများ အသုံးပြုရန် အောက်စီဂျင် ဝယ်ယူနိုင်ရေး အလှူငွေများ လှူဒါန်း
Jul 20,2021
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ရှိ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသလျက် ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများ အသုံးပြုရန် အောက်စီဂျင် ဝယ်ယူရေးအတွက် မြို့နယ်အတွင်း နှင့်ပြည်ပမှ အလှူရှင်များက ယနေ့နံနက်ပိုင်းတွင် နမ့်ခမ်းမြို့ ကုတင်(၁၀၀) ပြည်သူ့ဆေးရုံသို့ လာရောက် လှူဒါန်းပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ သိန္နီမြို့နယ် ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်များ ပေးအပ်လှူဒါန်း
Jul 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ အောက်ဆီဂျင် (၄၀)လီတာဆန့်(၅)လုံး၊ PPE (၇၀)စုံ၊ Gown (Level-2)(၅၀)ခု၊ Vitamin C (၃၀)ဘူး၊ Vitahome (၅)ဘူး၊ Hand Gel (၇၂)ဘူး၊ Mask(၄၈၀၀)ခု၊ Cap (၂၀၀)ခု၊ ပိုးသတ်ဆေး(၄၀)ဘူး၊ ကြက်ဥ(၃၀၀) လုံး၊ ရွှေဖီဦး လက်ဖက်ရည် ထုပ်(၁)ဖာတို့ကို ယနေ့ နံနက် (၁၀)နာရီအချိန်ခန့် က မြို့နယ်ပြည်သူ့ဆေးရုံသို့ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်တွင်အောက်ဆီဂျင်စက်ရုံတည်ဆောက်သွားမည်
Jul 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် အများပြည်သူတို့ ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် Oxygen plant(အောက်ဆီဂျင်စက်ရုံ) တည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၃ ဦး ထပ်မံ တွေ့ရှိ စုစုပေါင်း အတည်ပြု လူနာ ၁၇၀ ဦးရှိပြီဖြစ်
Jul 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း မြို့နယ်၌ ဇူလိုင် ၂၀ ရက်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (PCR -Result- ၉ ဦး အပါအဝင်) စုစုပေါင်း ၁၃ ဦး ထပ်မံတွေ့ ရှိကြောင်း မြို့နယ် ပြည်သူ့ဆေးရုံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာသစ်(၆၀)ဦး ထပ်မံတွေ့ရှိပြီး ပိုးတွေ့ရှိသူ(၄၈၀)ဦးထိ ရှိလာ
Jul 20,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့ ညနေပိုင်း ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများနှင့် ထိစပ်သူ (၂၅၀)ဦးတို့အား RDT Test ဖြင့် စစ်ဆေးခဲ့ ရာ (၆၀)ဦးတွင် ကိုဗစ်-၁၉ ရောဂါ (Positive)ပိုးတွေ့ ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ ၆၅ ဦး စစ်ဆေးရာမှာ ၁၀ ဦး ရောဂါပိုးတွေ့ရှိ
Jul 20,2021
ချင်းပြည်နယ်၊ ထန်တလန်မြို့၊ အမှတ်(၂)ရပ်ကွက်၊ TBC ဘုရားကျောင်း၌ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ သံသယ ရှိသူ(၆၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခဲ့ရာ (၁၀)ဦးထံမှ ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး ထောက်ပံ့ငွေနှင့် ပစ္စည်းများလှူဒါန်း
Jul 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလှူရှင်များက မြို့နယ် ကြက်ခြေနီ အသင်းသို့ ယမန်နေ့တွင် လာရောက်လှူဒါန်းကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26036
Page
26037
Page
26038
Page
26039
Current page
26040
Page
26041
Page
26042
Page
26043
Page
26044
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department