အမြို့မြို့အနယ်နယ်သတင်းများ

Jul 21,2021
ကော့သောင်းမြို့တွင် သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာနမှ ကိုးကွယ်သည့်ဘာသာ အလိုက် ဘာသာ၊ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ကိုဗစ်၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး မြို့နယ်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအဖွဲ့မှ တဆင့် မိမိ တို့ဘာသာအလိုက် ဝိုင်းဝန်းပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန် ဆောင်ရွက်ထားကြောင်း သိရသည်။
Jul 21,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မြို့တွင်းလမ်းများ အဆင့်မြငကောင်းမွန်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေပေါ်မူတည်၍ ဆောင်ရွက်ပေး လျက်ရှိရာ  မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက ဦးအောင်မြတ်လမ်း ကတ္တရာ ထပ်ပိုးလွှာခင်းနေမှုကို ယမန်နေ့ ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Jul 21,2021
ရခိုင်ပြည်နယ်  မောင်တောမြို့၌  ပြည်ထဲရေးဝန်ကြီးဌာန ၊ မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  ၊ မိသားစုစည်းရုံးရေး နှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ (၃) မိုင် ဘုန်းတော်ကြီးသင် ပညာရေး ပရဟိတကျောင်း ရှိကျောင်းသား/သူများအတွက် သင်ထောက် ကူဆိုင် ရာ ပစ္စည်းများ ထောက်ပံ့ခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွန် ကြားချက်များနှင့်အညီ ဇူလိုင် ၁၉  ရက်နေ့  နေ့လယ်  ၂ နာရီအချိန်ခန့်က အဆိုပါ ကျောင်းတွင် ထောက်ပံ့ ပေးခဲ့ ကြောင်း သိရသည်။ 
Jul 21,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း ၂၀၂၁ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ ဇူလှိုင်လ ၂၀ ရက်နေ့ ၊ ညနေ (၁၇၀၀) နာရီ အချိန်ထိ COVID – 19 ရောဂါ ပိုးတွေ့ရှိမှုအခြေအနေမှာ COVID – 19 Positive အတည်ပြုလူနာ ယခင် ၂၂၃၃ ဦး ၊ ယနေ့ ၄၈ ဦး စုစုပေါင်း ၂၂၈၁ ဦး၊ ဆေးရုံတက်ကုသကာရောဂါပျောက်ကင်း၍ ဆေးရုံဆင်းသူ ယခင် ၁၂၆၃ ဦး ၊  ယနေ့၁၄၁ ဦး ၊  စုစုပေါင်း ၁၄၀၄ ဦး ၊ ယခင်အထိ သေဆုံးသူ  ၆ ဦး ၊ ယနေ့အထိ သေဆုံးသူ ၁ ဦး ၊စုစုပေါင်း သေဆုံးသူ ၇ ဦး ၊ လက်ရှိအတည်ပြုလူနာပေါင်း ၈၇၀ ဦး ၊လက်ရှိထိ တွေ့ဆက်စပ်သူ စုစုပေါင်း ၉ ဦး ဖြစ်ပါသည်။
Jul 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပသည်။
Jul 21,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဌာနဆိုင်ရာအဖွဲ့အစည်းများက အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်အတွင်း အသိပညာပေးနှိုးဆော်ခြင်းကို ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Jul 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆော်ဩ အသိပညာပေးရေးအဖွဲ့က ဇူလိုင် ၂၀ ရက်တွင် ရောဂါကာကွယ်ရေးလုပ်ငန်းများကို အသံချဲ့စက်ဖြင့် တိုက်တွန်းနှိုးဆော်ခဲ့သည်။