Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပရဟိတဘာသာရေးကျောင်းများနှင့် မိဘမဲ့ဂေဟာ (၄၂)ခုတို့အတွက် အခြေခံစားသောက်ကုန်၊ ဆေးဝါးများထောက်ပံ့ခြင်းနှင့်…
Jul 21,2021
ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် Stay at Home အစီအစဉ်တွင် မြစ်ကြီးနားမြို့နယ်အား ပါဝင်လာပြီးနောက် မြို့နယ်အတွင်းရှိ စားသောက်မှုအခက်အခဲရှိသော ပရဟိတဘာသာရေးကျောင်း(၃၄)ကျောင်းနှင့် မိဘမဲ့ဂေဟာ (၈)ခုတို့ အတွက် အခြေခံစားသောက်ကုန်၊ ဆေးဝါးများနှင့် နှာခေါင်းစည်း Mask များကို ထောက်ပံ့ပေးအပ် ခြင်းနှင့် ကိုဗစ် - ၁၉ အတည်ပြုလူနာများအား သီးသန့်ထားရှိနိုင်ရေးအတွက် နေရာများ ပြင်ဆင် ဆောင်ရွက်နိုင်ရေး ယမန်နေ့ နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ Quarantine Centre များသို့ ကြည့်ရှုစစ်ဆေး
Jul 21,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီနပ်သည် အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က Quarantine Centre ဖွင့်လှစ်ထားရှိသည့် မြို့မအားကစားကွင်း မိုးလုံလေလုံအားကစားရုံတွင် သွားရောက်ကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးရဲဝင်းထိုက်က (Positive)လူနာများ ထားရှိရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေ၊ အသွားအလာကန့်သတ်ထားသည့် ဇူလိုင်လ ၂၂ ရက်နောက်ပိုင်း ပြန်လည်ဝင်ရောက်လာမည့် ဒေသခံများအား ကျန်းမာရေးဆေးစစ်ဆေးရန်စီမံဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ဥက္ကဌဦးညီနပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး Quarantine Centre တာဝန်ကျဝန်ထမ်းများအား အဟာရအားဖြည့်အချိုရည်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ် ရေးပြည်သူများ လိုက်နာနိုင်ရေး အသိပညာပေး လိုက်လံနိူးဆော်
Jul 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်၊ ကျေးရွာများအတွင်း မော်တော်ယာဉ်ဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် လိုက်လံ အသိပေးနိူးဆော်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့တွင် နေအိမ်အပြင်ထွက်လျှင် ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်းရှိ/မရှိ ရှောင် တခင်စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆော…
Jul 21,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁) အဆင့်မြင့် စံပြဈေး၊ ဖိုးလမင်းကုန်တိုက်ရှေ့၊ အ-ထ-က (၄) ကျောင်းရှေ့၊ မြို့နယ်စုပေါင်းရုံးရှေ့၊ သံလွင် တံတား အနီး၊ မဲဘောင်ဈေးစသည့် နေရာများတွင် ခရီးသွားပြည်သူများနှင့် နေအိမ်ပြင်ပထွက်ခွာ သွားလာ သူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်း၊ အသိပညာ ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးနှင့် ပက်သက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် မြို့ကိုယ်စားလှ…
Jul 21,2021
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးနှင့် ပက်သက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် မြို့ကိုယ်စားလှယ်များတွေ့ဆုံပွဲကို ယနေ့နေ့လယ် ပိုင်းက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ ကိုဗစ်အတည်ပြုလူနာ(၅)ဦး ကျန်းမာရေးကောင်းမွန်လာသဖြင့် နေရပ်ပြန်ခွင့်ပြု
Jul 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေ သော ကိုဗစ်အတည်ပြုလူနာ(၅)ဦးသည် ကျန်းမာရေးပြန်လည် ကောင်းမွန်လာသဖြင့် ယမန်နေ့ နံနက် (၁၁)နာရီခွဲက နေရပ်ပြန်ခွင့်ပြုခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ရှိ မန်းရှင်အောက်စီဂျင်စက်ရုံ ပြန်လည်စတင်လည်ပတ်
Jul 21,2021
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေအင်ကြင်းရပ်ကွက်၊ မိုးသောက်ပန်းလမ်းနှင့် ရှုမဝလမ်းထောင့်ရှိ မန်းရှင်အောက်ဆီဂျင်စက်ရုံကို ၂၀.၇.၂၀၂၁ ရက်နေ့တွင် လုပ်ငန်းများ ပြန်လည်စတင် လည်ပတ်လျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုင်းယောင်း-မိုင်းယုကားလမ်းမပေါ်ရှိ ကွန်ကရစ်တံတားအမှတ် ၁/၂၀ ရေတိုက်စားကာ ပြိုကျမှုဖြစ်ပွား
Jul 21,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့ တာကြန့်ကျေးရွာ အုပ်စု နမ့်ကုတ်ကျေးရွာအနီး မိုင်းယောင်း-မိုင်းယုကားလမ်းမပေါ်ရှိ ကွန်ကရစ်တံတားအမှတ် ၁/၂၀ တံတား တစ်စင်းသည် ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေတိုက်စားကာ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26034
Page
26035
Page
26036
Page
26037
Current page
26038
Page
26039
Page
26040
Page
26041
Page
26042
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department