အမြို့မြို့အနယ်နယ်သတင်းများ

Jul 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် လတ်တလော ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း၌ ကိုဗစ်လူနာများနှင့် အောက်စီဂျင် အသုံးပြုနေရသူများ၊ အောက်စီဂျင် လိုအပ်ချက် များပြားလာသဖြင့် အရေးပေါ် လွယ်ကူအဆင်ပြေစွာ ရရှိအသုံးပြုနိုင်ရန် တွံတေးမြို့နယ် စိတ္တသုခ ကုသိုလ်ပြုအသင်းမှ ရွှေ့ပြောင်းလို့ရသော ကွန်တိန်နာနှင့်လာသော Mobile Oxygen Plant အောက်စီဂျင်ထုတ်စက်ရုံ တစ်ရုံတည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 21,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှ တစ် ဆင့် အောက်စီဂျင်အိုး ၃၀ လုံး ယနေ့ ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။
Jul 21,2021
မကွေးတိုင်းဒေသကြီး ၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီအချိန်က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ မကြာမီရောက်ရှိလာတော့မည့် အောက်စီဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် စက်တားရှိရန် မကွေးမြို့ ကာကြီးကွင်းအတွင်းရှိ မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦး အမြန်ဆောက် လုပ်နိုင်ရေး၊ လျှပ်စစ်မီးရရှိရေး ကိစ္စရပ်များကို  အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် မှာကြား ခဲ့သည်။
Jul 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ တစ်ရက်လျှင်(၁၅)လီတာဆံ့ စလင်ဒါအလုံး(၄၀) ထုတ်လုပ် ပေးနိုင်သည့် ကျပ်သိန်း(၈၀၀)တန် အောက်ဆီဂျင်ထုတ်စက်ဝယ်ယူနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်မိ ရပ်ဖများနှင့် အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းလျက်ရှိကြောင်းသိရသည်။
Jul 20,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ အောက်စီဂျင်အိုးများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နေ့လည် ၁ နာရီက မြို့နယ်အရန်မီးသတ်တပ်ရင်းရုံး၌ ကျင်းပသည်။
Jul 20,2021
ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၆/၂၀၂၁)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေး ခန်းမ(၂)၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Jul 20,2021
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အတွက် အောက်ဆီဂျင် အပါအဝင် ကိုဗစ်အထောက်ကူပြုဆေးနှင့်ပစ္စည်းများ တင်သွင်းမှုကို မြဝတီနယ်စပ်မှ တစ်ဆင့် တင်သွင်းခွင့်ပြုပေးလျက်ရှိရာ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်မည့် အောက်ဆီဂျင် အရည် တန် ၂၀ သယ်ဆောင်လာသော မော်တော်ယာဉ်သည် ယနေ့ မွန်းလွဲ ၁ နာရီက မြဝတီ ကုန်သွယ်ရေးဇုန်မှ ထွက်ခွာသွားကြောင်း သိရသည်။
Jul 20,2021
စစကိုင်းတိုင်းဒေသကြီးနာဂ ကိုပိုင်အုပ်ချုပ်ခွင့်ရ ဒေသလေရှီး​မြို့တွင် မြို့နယ်လုံးဆိုင်ရာဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ထေရဝါဒဗုဒ္ဓဘာသာ သာသနာပြုဗဟိုကျောင်းတိုက်၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။