ဧရာဝတီတိုင်းစီမံအုပ်ချုပ်ရေးကောင်စီမှ လေးမျက်နှာမြို့နယ် ကိုဗစ်စင်တာများရှိ ကိုဗစ်လူနာများအား နေ့လည်စာ အဟာရလှူဒါန်း

လေးမျက်နှာ   ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် COVID-19 (Positive)လူနာများအတွက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ အာဟာရဒါန လှူဒါန်းမှုအား ပေးအပ်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံနှင့် အိုင်သပြုတိုက်နယ်ဆေးရုံတို့၌  ဆောင်ရွက်ခဲ့သည်။

ထိုသို့ လှူဒါန်းရာတွင် လေးမျက်နှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင့်တို့မှ ယနေ့နေလယ်စာအတွက် လေးမျက်နှာဆေးရုံရှိ လူနာများအတွက် ထမင်းဘူး(၄၇)ဘူး၊ အိုင်သပြုတိုက်နယ်ဆေးရုံရှိ လူနာများအတွက် ထမင်းဘူး(၄၆)ဘူးတို့အား မြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ တာဝန်ရှိသူများထံ ပေးအပ်ခဲ့ ကြောင်းသိရသည်။

ဝေဝေ(လေးမျက်နှာ)