ပန်းတောင်း ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတဥက္ကဋ္ဌ ဦးအောင်သူရက Facility Quarantine Centre များတွင် Volunteer ဆောင်ရွက် နေသူများအား ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများအသုံး ပြုရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ် ခဲ့ကြောင်းသိရသည်။
မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌဦး အောင်သူရက အမှာစကား ပြောကြားပြီး အဆိုပါပစ္စည်းများကိုထောက်ပံ့ပေး အပ်ရာတွင် Volunteer များအတွက် PPE ဝတ်စုံ (၃၀)ခု၊ Ng5 Mask ၁၀၀၀ခု၊ Surgical Mask ၂၀၀၀ခု ၊ အရက်ပြန် ဗူး(၅၀)ဗူး၊ လည်ရှည်ဖိနပ်(၅၀)ခု၊ Hand Gel (၁၀) ဗူးတို့အား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးညီကျော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ရဲမှူးစောမြင့်၊ ဦးအေးကြိုင်၊ လ.ဝက ဦးစီးမှူးဦးကျော်ဝင်း၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုဝေဟိန်းတို့မှ ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)