ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ လူနာ ၇ ဦး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ထပ်မံဆင်းခွင့်ပြု

ကျေးသီး  ဇူလိုင်  ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ သီးသန့်ဆောင်တွင်  ထားရှိကုသပေးလျှက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ  အတည်ပြုလူနာများထဲမှ  လူနာ  ( )ဦးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည့်အတွက် ဇူလိုင် ၂၅ ရက်နေ့က ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက နေအိမ်အရောက် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူနာ ( )ဦးသည် ဇူလိုင် ၁၄ ရက် ဇူလိုင် ၁၅ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူများဖြစ်ပြီး  ကျေးသီးမြို့နယ် ၁၆  ခုတင်ဆံ့တိုင်းရင်းဆေးရုံ   သီးသန့်ဆောင်တွင် ( ၁၀ ) ရက်ကြာဆေးကုသမှု ခံယူလျှက်ရှိရာမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသည့်အတွက် ဆေးရုံမှဆင်းခွင့်ပြုခဲ့ခြင်း  ဖြစ်ကြောင်းသိရသည်။

မြို့နယ်ဆရာဝန်ကြီးက ဆေးရုံဆင်းခွင့်ရရှိသူများကို မိမိတို့၏နေအိမ်တွင် ( )ရက် အသွားအလာ ကန့်သတ်ထားရှိပြီး သီးသန့်နေထိုင်ကြရန်၊ အိမ်အပြင်မထွက်ဘဲ အိမ်တွင်း၌သာ နေထိုင် ကြရန်၊ တစ်ဦးနှင့်တစ်ဉီး ဆက်သွယ်ရန် လိုအပ်ပါက ဖုန်းဖြင့်သာ ဆက်သွယ်မှု ပြုလုပ်ရန်၊ လူစု လူဝေးဖြင့် နေထိုင်ခြင်းမပြုရန်၊ လက်ကို မကြာခဏဆေးကြောရန်နှင့် အခြားလိုအပ်သည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို မှာကြားခဲ့ကြောင်း သိရသည်။