နမ့်စန်(တ) ဇူလိုင် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့လယ်မီးပွိုင့်လမ်းဆုံ အနီးပြည်ထောင်စုလမ်းမကြီးပေါ်နှင့် မြို့မစည်ပင်သာယာဈေးတို့တွင် Mask Campaign ပြုလုပ်၍ ပါးစပ်နှင့်နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး စိုင်းလှိုင်ဝန်းနိုင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ၊ မြို့နယ်စည်ပင် သာယာရေး အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦး ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင် နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ၊ ကျန်းမာရေးဝန်ထမ်းများ ၊ မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ အဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာ နေကြသူများနှင့် မြို့မစည်ပင်သာယာဈေးတွင် ဈေးရောင်းဈေးဝယ်နေကြသူများကို မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ လက်ရှိဖြစ်ပွားနေမှု အခြေအနေနှင့် ကူးစက် ပြန့်ပွားမှုမရှိစေရန် ပြည်သူများ လိုက်နာရမည့်အချက်များကို အသိပေးကြေညာခြင်းနှင့် Mask မဖြစ်မနေတပ်ဆင်သွားလာရေးတို့ကို သတိပေးကာ ပါးစပ်နှင့်နှာခေါင်းစည်း Maskများ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ Mask Campaign ကို မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် စုပေါင်း ဆောင်ရွက်ခဲ့ပြီး ပြည်သူများထံ ပါးစပ်နှင့် နှာခေါင်းစည်း Mask အခု (၁၀၀၀) အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း နမ့်စန်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီ ထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်