ကျွန်းစု ဇူလိုင် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ်တွင် ဒုတိယအကြိမ်အဖြစ် ကျွန်းစုမြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇူလိုင်လ ၂၄ ရက်နှင့် ၂၅ ရက် (၂) ရက် ထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ်ကို ကျွန်းစုမြို့နယ် ပြည်သူ့ ဆေးရုံမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာရဲမင်းဦး ဦးဆောင်ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများမှ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင် ချိန်ခြင်း၊ ဆေးမထိုးရန်အုပ်စု စိစစ်၍ စနစ်တကျ မှတ်ပုံတင်ဆောင်ရွက်မှုများ ပြုလုပ်ပြီး မှသာ ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးပြီးပါက မိနစ်(၃၀)ခန့် အကြာ နားနေစေ၍ စောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံသူ ပညာရေးဝန်ထမ်း(၂၀)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း(၈)ဦး၊ ပြည်သူ(၈)ဦး စုစုပေါင်း ( ၃၆)ဦးရှိကြောင်း သတင်းရရှိသည်။
ကျွန်းစု (ပြန်/ဆက်)