တနင်္သာရီမြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ရောက်ရှိနေ၍ အိမ်ထောင်စု(၁၂)စုမှ မိသားစုဝင်များ အားယာယီစခန်းများသို့ပြောင်းရွှေ့

တနင်္သာရီ  ဇူလိုင်လ ၂၈

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁ ဇူလိုင်လတတိယပတ်ထဲမှာ မိုးများသည်း

ထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေဟာ ဇူလိုင်လ၂၇ရက်နေ့ ညနေ၆ နာရီ

အချိန်တိုင်းတာချက်အရစိုးရိမ်ရေအမှတ်ထက်(၇လက်မ)ကျော်လွန်၍ (၁၇ပေနဲ့၇လက်မ)အထိရောက်

ရှိနေပြီဖြစ်ပါတယ်။

ယခုအခါချောင်းကြီးရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ရာအဝင်လမ်း၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှ ဝန်ထမ်းအိမ်ရာ၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ဝန်ထမ်းအိမ်ရာ၊ရွှေလိပ်ပြာလမ်း၊ တိုးချဲ့ ()လမ်း၊()လမ်း၊()လမ်း၊()လမ်း၊ ဘော်လုံးကွင်းလမ်းနှင့်မြို့မအားကစားကွင်းအနီးနေရာများတွင် လည်းကောင်း၊ ချောင်းငယ်ရပ်ကွက်အတွင်းရှိ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနနှင့် ရိပ်သာလမ်း၊ သီတာလမ်း၊ ကူးတို့ဆိပ်လမ်းများနှင့် ၎င်းလမ်းများအတွင်း ရှိ လူနေအိမ်များတွင် မြစ်ရေများဝင်ရောက်နေပြီ ဖြစ်သည်။

ယခုနှစ်မြစ်ရေကြီးစဉ်ကာလအတွင်း  ရေဘေးဒုက္ခသည်မိသားစုများအား ယာယီပြောင်းရွှေ့နေရာချ ထားပေးနိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏အစည်းအဝေးဆုံးဖြတ်ချက်နှင့်လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်-၁၉ ကာကွယ်

ရေး နည်းလမ်းများအတိုင်း ယာယီစခန်းတစ်ခုတွင် လူဦးရေ(၅၀)ဦးခန့်သာထားရှိနိုင်မည့် ကယ်ဆယ်

ရေးစခန်း(၅၄)ခုဖွင့်လှစ်ရန်လျာထားကြောင်း၊ ယမန်နေ့ညနေပိုင်းမှာဆိုရင် ချောင်းငယ်ရပ်ကွက်-သီတာလမ်းမှအိမ်ထောင်စု(၁၁)စုမှမိသားစုဝင် (၄၉)ဦးအား သဘာဝဘိုးဘွားရိပ်သာ ယာယီစခန်းသို့ လည်းကောင်း၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု-ပျို့အိုင်ကျေးရွာမှ အိမ်ထောင်စု(တစ်)စုမှ မိသားစုဝင် ()ဦးကို အမက-ပျို့အိုင်ကျောင်း ယာယီစခန်းသို့ လည်းကောင်း ယာယီပြောင်းရွှေ့နေရာချ ထားပေးကြောင်း သိရှိရသည်။

သို့ပါ၍ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်  မြို့တွင်းသို့ တနင်္သာရီမြစ်မအတွင်းမှမြစ်ရေများ ဝင်ရောက်မှုမှ ဟန့်တားနိုင်ရန်အတွက် မြို့၏ရေထိန်း တံခါးအားပိတ်ထား၍ မြို့အတွင်းရှိနေသော မိုးရေများအား ရေစုတ်စက်ကြီး()လုံးဖြင့်(၂၄)နာရီအချိန်ပြည့် စုပ်ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း