ငဖဲမြို့နယ်၌ ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ငဖဲ   ဇူလိုင်  ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံ၍ ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် လူဦးရေစာရင်း ကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌   ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်သိန်းလှိုင်က ကိုဗစ် -၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး မဲစာရင်းများမှ အသက် (၆၅)နှစ်နှင့်အထက် ရှိသူများစာရင်းပြုစုရန်၊ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမည့်နိုင်ငံဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကျရာရုံးများတွင် စာရင်းပြုစုပေးပို့ရန်၊ စာရင်းပြုစုပေးပို့ရာတွင် လိုက်နာရမည့်အချက်များ၊ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် လူဦးရေစာရင်းများကို အချက်အလက်ပြည့်စုံစွာ ဖြည့်စွက်၍ သက်ဆိုင်ရာဌာနများက ပူးပေါင်း ကူညီဆောင်ရွက်ပေးရန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်းပြောကြားခဲ့သည်။

ထို့နောက် ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးချစ်မောင်မောင်ဦး က လူဦးရေစာရင်း ပြုစုပေးပို့ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဖြည့်စွက်ရှင်းလင်းပြောကြားကာ တက်ရောက်လာသည့် ဌာနဆိုင်ရာများက မရှင်းလင်းသည် များကို မေးမြန်းခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း  သိရသည်။

မယု (ငဖဲ)