ဇလွန်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဇလွန် ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့်ရောဂါကူးဆက်ပျံ့ပွားမှုမရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ဇလွန်မြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီတို့က ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များကို အများပြည်သူသိရှိစေရန် အသံချဲ့စက်ယာဉ်ဖြင့် လိုက်လံကြေညာခြင်း၊ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါ ပါးစပ်နှင့်နှာခေါင်းစည်းစနစ်တကျတပ်ဆင်သွားလာစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံ