တာလေမြို့၌ Positive လူနာနေအိမ်အနီး ပတ်ဝန်းကျင်နှင့် လူနာထားရှိ Quarantine Centre များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဖျန်းပေး

တာလေ         ဇူလိုင်        ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တချီလိတ်ခရိုင်၊ တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ Positive တွေ့ရှိ လူနာ‌နေအိမ်နှင့် အနီးပတ်ဝန်းကျင်ရှိနေအိမ်များ ၊ Positive တွေ့ရှိလူနာများ ထားရှိသော  Quarantine Centre များ၌ အများပြည်သူတို့ စိုးရိမ်ထိန့်လန့်ခြင်းများ မဖြစ်စေရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုများမဖြစ်ပေါ်စေရေး ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်သည့်အနေဖြင့် ယမန်နေ့က ‌တာလေမြို့ လောကပါလ ပရဟိတလူမှုကူညီရေး အသင်းက ကာကွယ်ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာလေမြို့ရှိ “ အများပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများမှ စိုးရိမ်ထိန့်လန့်ခြင်း များမဖြစ်‌ပေါ်စေရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ် ထိန်းချုပ်သည့်အနေဖြင့် ရောဂါ Positive တွေ့ရှိလူနာနေအိမ်နှင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များ ၊ Positive လူနာများထားရှိသော Quarantine Centre များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖျန်းပေးခြင်း ၊ နေအိမ်အသွားအလာကန့်သတ်ဧရိယာ သတ်မှတ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ “ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဖျန်းခြင်းများတွင် ရောဂါ Positive တွေ့ရှိ လူနာနေအိမ် အနီးပတ်ဝန်းကျင်နှင့် Quarantine Centre များအပြင် မြို့အဝင်/အထွက် ကျန်းမာရေး ပူးပေါင်းစစ်ဆေးရေးဂိတ်များနှင့် ရပ်ကွက်ကျေးရွာအုပ်စုများ အတွင်းရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်များတွင်လည်း ရောဂါကူးစက်ပြန်ပွားခြင်းများ မဖြစ်ပေါ်စေရေး ကာကွယ်ဆေးဖျန်းခြင်းများ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကျော်မိုး