သံတွဲမြို့နယ်၌ ရေကြီးနစ်မြုပ်ခဲ့ရာမှ ရေများပြန်လည်ကျဆင်းလျက်ရှိ

သံတွဲ   ဇူလိုင်   ၂၈

သံတွဲမြို့နယ်တွင် ဇူလိုင်လ ၂၆ ရက်နေ့နံနက်ပိုင်းမှစ၍ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခဲ့ သဖြင့် သံတွဲမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့ရေနစ်မြုပ်လျက်ရှိရာမှ ယနေ့နံနက် (၅) နာရီအချိန်ခန့်တွင် ရေများပြန်လည်ကျဆင်းသွားပြီးဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်တွင် တောင်ကုတ်-သံတွဲကားလမ်းမနှင့် မြို့တွင်းလမ်းမများအချို့တွင် ရေကျဆင်းသွားပြီဖြစ်သော်လည်း အနိမ့်ပိုင်းရပ်ကွက်များတွင် ရေ(၂)ပေခန့်ကျန်ရှိနေသေးကြောင်း သိရသည်။ ရေကြီးနစ်မြုပ်ခဲ့သည့်အတွက် ဌာနဆိုင်ရာရုံးအဆောက်အဦများ ၊ လူနေအိမ်များနှင့် ဈေးဆိုင်ခန်းများ ရေလွှမ်းမိုးခြင်းခံရပြီး ဌာနဆိုင်ရာအချို့ရုံးခြံစည်းရိုးပြိုလဲခြင်း ၊ လမ်းဘေး ဈေးဆိုင်ခန်းအချို့ ပျက်စီးခြင်းများ၊ လမ်းဘေးသစ်ပင်များပြိုလဲခြင်းနှင့် လမ်းမကြီးများတွင် ရွှံ့့နုံးများတင်ကျန်ခဲ့ပြီး လူ ၊ တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှုအခြေအနေများအား စာရင်းပြုစုနေကြောင်းသိရသည်။

ခရိုင် ၊ ပြန်/ဆက်