တွံတေးမြို့နယ်၌ အောင်ဆီဂျင်ဖြည့်တင်းနိုင်ရေးနှင့်ကိုဗစ်- ၁၉ကာကွယ်ရေးပစ္စည်းများလှူဒါန်း

တွံတေး ဇူလိုင် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်၌ ပိုးတွေ့အတည်ပြုလူနာများအား ကုသနိုင်ရန်နှင့် နာတာရှည်ရောဂါသည်များ အောက်ဆီဂျင်လိုအပ်သော လူနာများအတွက် တွံတေးမြို့နယ် စိတ္တသုခ လူမှုကယ်ဆယ်ရေးအသင်းသို့ အောက်ဆီဂျင်ဖြည့်တင်းနိုင်ရေး နှင့်ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများ၊ အလှူငွေများကို စေတနာရှင်များက အလှူငွေများ ပေးအပ် လှူဒါန်းလျက်ရှိကြောင်းသိရသည်။

အလှူရှင်များက စိတ္တသုခလူမှုကယ်ဆယ်ရေးအသင်းသို့ အောင်ဆီဂျင်အိုးများ ဖြည့်တင်း နိုင်ရန်အတွက်  ဦးစိုးမြင့်( သီရိအောင်) ရေခဲစက်မိသားစုကငွေကျပ် သိန်း( ၂၀) ၊ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးနှင့် ကူညီရေးအဖွဲ့သို့ ငွေကျပ်သိန်း(၃၀) ၊ဦးဖိုးပိန်မိသားစုမှ အောက်ဆီဂျင် ဖြည့်တင်းရန်  အလှူငွေကျပ်(၅)သိန်း ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေးနှင့်ကူညီရေးအဖွဲ့သို့ ငွေကျပ်( ၁၀) သိန်း၊ မဇျွိမလူမှုကူညီရေးအသင်းသို့ PPEဝတ်စုံဝယ်ယူရန် ငွေကျပ်(၅)သိန်း၊၊ ဦးချစ်တီး+ဒေါ်ပုရွှေဆိုင်မှ  အောက်ဆီဂျင်ဖြည့်တင်းရန် ငွေကျပ်(၂)သိန်း၊ ဦးမြတ်ထွန်း (မင်္ဂလာတောင်ညွှန့်)မှ   ငွေကျပ်တစ်သိန်း၊  ကိုအောင်ဖြိုးဝေမှ ငွေကျပ်၅၀၀၀၀ကျပ်နှင့် မအူပင်မြို့နယ်   ရွေးကောက်ပွဲကော်မရှင်မှ    စိတ္တသုခလူမှုကယ်ဆယ်ရေးအသင်းသို့ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သော  PPELevel (2)အစုံ (၁၀၀) ၊PPE Level(3) အစုံ(၅၀)၊ကာကွယ်ရေးမျက်မှန်  Disposable PVC Gloves များ၊Face Shield များ၊ ခေါင်းစွပ်များ၊ KN95 Maskများနှင့်  ဘွတ်ဖိနပ်များအား ပေးအပ်လှူဒါန်းရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့်ကူညီရေးအဖွဲ့၊ မဇျ္စိမလူမှုကူညီရေးအသင်းနှင့် စိတ္တသုခအသင်းများသို့ အလှူငွေများ  လှူဒါန်းပေးခဲ့ရာ  တာဝန်ရှိသူများက လက်ခံရယူကြကြောင်း  သိရသည်။

​မြို့နယ်  ပြန်/ဆက်