ရေဖြူ ဇူလိုင် ၂၈
တနင်္သာရီတိုင်း ဒေသကြီး၊ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ် ဆေးထိုးပေးနိုင်ရေး ဆောင်ရွက်ပေးသွား မည်ဖြစ်သည့်အတွက် စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ (၃)နာရီက ရေဖြူ မြို၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အောင်သာဝတီခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးမိုးဆန်းထွန်းက ယခု ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားနေသည့် ကာလဖြစ်သည့် အတွက် တစ်ဖက်ကလည်း ကာကွယ်ဆေး ထိုးနှံသည့် လုပ်ငန်းကို ဦးစားပေး အနေနဲ့ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေး ထိုးသင့်သူများ ကာကွယ်ဆေး ထိုးခွင့်ရရှိစေရေး အတွက် စာရင်းကောက် ယူရေးလုပ်ငန်းသည်လည်း အရေးကြီးသည့် အတွက် အားလုံး ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း၊ အသက်(၆၅)နှစ်အထက်ကို ပထမဦး စားပေးစာရင်း ကောက်ယူသွားမည်ဖြစ် ပြီး၊အစိုးရပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများ၊ Volunteerများ၊ဘိုးဘွားရိပ်သာများ၊ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊စက်ရုံ၊အလုပ်ရုံ အလုပ်သမားများ၊ ၊တည်းခိုခန်း များ၊အကျဉ်းသား အချုပ်သားများ၊ပို့ဆောင်ရေးလုပ်သားများ၊ဈေးရောင်းသူများ ၊ပြည်သူလူ ထုများ ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ထိုသို့ စာရင်းကောက်ယူရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီး သူများ၊ တစ်လအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူများ၊ ရောဂါလက္ခဏာ ရှိသူများ၊ အသက် ၁၈ နှစ်အောက်များအား စာရင်းကောက်ယူသွားမည် မဟုတ်ကြောင်းနှင့်ကူးစက်ခံ ထား ရသူများအား တစ်လကျော်မှ ထိုးပေးမည် ဖြစ်ပြီး ပထမအကြိမ်ကာကွယ်ဆေးထိုး သည့်စုရပ်နေရာတွင်သာ ဒုတိယအကြိမ်ကို ထိုးပေးမည် ဖြစ်ကြောင်း၊ စုရပ်(၆)ခုဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရေဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဦးမိုးဆန်းထွန်းထံကသိရသည်။
ဖြူဖြူရှိန်