နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်း များအား အသိပေးနှိုးဆော်

နွားထိုးကြီး၊ ဇူလိုင် ၂၈

နွားထိုးကြီးမို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန် လိုက်နာဆောင်ရွက် ရမည့်နည်းလမ်းများအား ပြည်သူများသိရှိစေရေး လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၅ နာရီက မြို့ပေါ် ရပ်ကွက်(၈)ရပ်ကွက်ရှိ လမ်းဆုံလမ်းခွများ နှင့်လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပေးနှိုးဆော်ချက်များကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ ကာကွယ်ပါ ဟူ သည့်ဆောင်ပုဒ်နှင့်အညီ နေအိမ်ပြင်ပထွက်လျှင်မဖြစ်မနေ ပါးစပ်နှာခေါင်းစည်း စနစ် တကျတပ်ဆင် ရေး၊တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင်ကြ စေရေး၊လူစုလူဝေးရှောင်စေရေး၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏစနစ်တကျ ဆေးကြောကြစေရေး၊ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်မထားသော ဈေးရောင်း သူများထံမှ ဈေးမဝယ်ကြစေရေး၊တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး သတိပေး ကြစေရေး၊သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ကိုဗစ် -၁၉ရောဂါ ကာကွယ် ရေးအတွက် ထုတ်ပြန်ထားသည့် လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက် ရေးနှင့်ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလက္ခဏာ ပေါ်ပေါက် လာပါက နီးစပ်ရာ ကျန်းမာရေးဌာနများ သို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံ ယူကုစေရေးစည့် အချက်များအားပြည်သူများသိစေ ရန် အသိပေးလိုက်လံ နှိုးဆော်ပေးခဲ့သည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆောမျုများဆောင်ရွက်ခြင်း လုပ်ငန်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မီးသတ်တပ်ဖွဲ့ တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သန်းအောင်ဇော်