ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်အဆင့် အောက်ဆီဂျင် ဖြန့်ဝေရေး အထောက်အကူပြုကော်မတီ အစည်းအဝေးကျင်းပ

ဒဂုံတောင်   ဇူလိုင်  ၂၈

အောက်ဆီဂျင် အမှန်တကယ်လိုအပ်နေသော ပြည်သူများလက်ထဲသို့ အောက်ဆီဂျင် ရရှိရေးအတွက် မြို့နယ်အဆင့် အောက်ဆီဂျင်ဖြန့်ဝေရေး အထောက်အကူပြုကော်မတီ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အဆင့် အောက်ဆီဂျင်ဖြန့်ဝေရေး ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က မြို့နယ်အတွင်းဖြစ်ပေါ်နေသော အောက်ဆီဂျင် လိုအပ်မှုအတွက် အမှန်တကယ်လိုအပ်လျက်ရှိသော ပြည်သူများလက်ထဲသို့ အောက်ဆီဂျင်ရရှိ​စေရေး ရက်ကွက်အလိုက်အိုးများ အလျဉ်မီအောင် ​ ကြိုတင်စီမံဆောင်ရွက်ထားရေး မိမိရပ်ကွက်လိုအပ်စာရင်း ကောက်ယူရေး မလိုအပ်သောရပ်ကွက်မှ လိုအပ်နေသောရပ်ကွက်များသို့ ဖြည့်ဆည်းဆောင်ရွက်ပေးရေး မိမိတို့မြို့နယ်အတွက် အိုးသေး ၁၈၈ အိုးနှင့် အိုးကြီး၅၅ အိုးရရှိမှာဖြစ်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၃၂ ရပ်ကွက်အတွက် (၁)ရပ်ကွက်လျှင် အိုးသေး ၆အိုးစီနှင့် အိုးကြီး ၂အိုးစီရရှိမည်ဖြစ်ပြီး အိုးများတွင် အမှတ်အသားပြုလုပ်ရေး အိုးများတွင် virusပါလာနိုင်သဖြင့် အိုးများပိုးသတ်ရေး အသုံးပြုသည့်အခါ ဆောင်ရန်ရှောင်ရန်များ သိထားရေးစသဖြင့် ပြောကြားခဲ့သည်။

 ဆက်လက်၍ မြို့နယ်အဆင့် အောက်ဆီဂျင်ဖြန့်ဝေရေးကော်မတီအတွင်းရေးမှူး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေမျိုးအောင်က အိုးသေးနှင့်အိုးကြီး သယ်ယူရမည့်အချိန် အိုးသေးတစ်အိုးဖြည့်ခြင်း ကျပ်ငါးထောင် အိုးကြီးတစ်အိုးဖြည့်ခြင်းအတွက် ကျပ်တစ်သောင်းဖြစ်ပြီး သယ်ယူပို့ဆောင်ခများအတွက် ရပ်ကွက်အလိုက် ညှိနှိုင်းဆောင်ရွက်ရန် သမာသမတ်ရှိရန်နှင့် မျှတမှုရှိရန်လိုအပ်ကြောင်း တစ်ဦးတစ်ယောက်တည်း မဆောင်ရွက်ပဲ ကော်မတီဖွဲ့ဆောင်ရွက်ပြီး ကော်မတီဝင် အနည်းဆုံး(၅)ဦးတွင် ရပ်မိရပ်ဖ. အသင်းအဖွဲ့  လူငယ်များဖြင့် ဖွဲ့စည်းပြီး ကော်မတီစာရင်းတင်ပြရန် ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ရန်  ထုတ်ယူဖြန့်ဝေမှတ်တမ်း စာရင်းထားရှိရန်များ ပြောကြားပြီး ​အောက်ဆီဂျင် သယ်ယူရေးအတွက်ရပ်ကွက် (၃၂)ရပ်ကွက်အား ရပ်ကွက်(၆)ခု ၂ ဖွဲ့နှင့် ရပ်ကွက်(၅)ခု  ၄ ဖွဲ့ စုစုပေါင်းအဖွဲ့ ၆ဖွဲ့ ဖွဲ့စည်းပေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သိလိုသည်များအားမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ   သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)