လှိုင်းဘွဲ့ ဇူလိုင်၂၈
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းလာမှုကြောင့် မြေနိမ့်ပိုင်းရှိရပ်ကွက်များနှင့် ကျေးရွာများရှိ လူနေအိမ်များအတွင်းသို့ ရေများ၀င်ရောက်မှုကြောင့် အိမ်ထောင်စုများ အားရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ရာ ရေဘေးရှောင်ပြည်သူများ နေထိုင်စားသောက်ရေး အဆင်ပြေစေရေးအတွက် စစ်ဗျူဟာ(အခြေချ) လှိုင်းဘွဲနှင့်တပ်ရင်းတပ်ဖွဲ့များမှ မိသားစု၀င်များက နံနက်စာအာဟာရ၊ နေ့လည်စာ/ညနေစာ ထမင်းထုပ်များနှင့် အစားအသောက်များကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထောက်ပံ့လှူဒါန်းရာတွင်စစ်ဗျူဟာ(အခြေချ)လှိုင်းဘွဲမှစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစံထူးကျော်ကရေဘေးရှောင်ပြည်သူများအား လိုက်လံကြည့်ရှူ့၍ အားပေးစကားများပြောကြားကာ စစ်ဗျူဟာ(လှိုင်းဘွဲ)၊ ခလရ(၂၈)၊ ခမရ(၃၃၈)၊ ခမရ(၃၃၉)တပ်ရင်းတပ်ဖွဲ့မှ မိသားစု၀င်များက ရေဘေးကယ်ဆယ်ရေးစခန်း(၅)ခုရှိ လူဦးရေ(၅၀၈)ဦးနှင့် ရေဘေးကျရောက်နေသော နေအိမ်များသို့ ထမင်းထုပ်များ၊ ရေသန့်ဗူးများအားရေဘေးရှောင်ပြည်သူများထံသို့ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။