ပုံပါကျင် ဩဂုတ် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာပေး ခြင်းနှင့် Mask များ ဖြန့်ဝေဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်၊ နေအိမ်ပြင်ပ ထွက်ခွာပါက နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာကြရန်၊ မိမိနေအိမ်တွင် ပြင်ပဧည့်သည်များ လက်မခံရန်၊ မိမိတို့အနေဖြင့်လည်း အခြားသူများထံ မသွားကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုယ်ဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အချက်များကို စနစ်တကျ လိုက်နာကြရန် အသိပေးနှိုးဆော်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ အသိပညာပေး နှိုးဆော်ခြင်းကို မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးဌာနစသည့် ဌာနဆိုင်ရာများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြမြအေး(ပြန်/ဆက်)