အမ်း သြဂုတ် ၇
အမ်းမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးအတွက် အထောက် အကူဖြစ်စေမည့် အောက်ဆီဂျင်စက်ရုံအား အမ်းမြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီအဖွဲ့မှ ဦးဆောင်မှုဖြင့်ဇူလိုင်လ(၁၄) ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ(၆) ရက်နေ့အထိ စုစုပေါင်းအလှူရှင် (၅၅၆)ဦးမှ လှူဒါန်းငွေကျပ်(၁၅၂၅၁၀၀၀၀) ကျပ်အားလှူဒါန်းခဲ့ကြသည်။
၎င်းအောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် မြေနေရာအား အေးရိပ်သာကျောင်း ဆရာတော်ကလှူဒါန်းခဲ့ပြီး အောက်ဆီဂျင်စက်ရုံအဆာက်အဦ(၄၀×၃၀)ပေအား (၄၀)ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးကြောင်း သိရသည်။
အဆိုပါအောက်ဆီဂျင်စက်ရုံပြီးစီးပါက တစ်ရက်လျှင် အောက်ဆီဂျင် (၄၀)လီတာဘူး (၁၀၀)လုံး ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း အရေးပေါ်လူနာများနှင့် လက်ရှိ ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများအတွက် လိုအပ်သည့် အောက်ဆီဂျင်ကို ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း အမ်းမြို့နယ် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီထံမှ သိရှိရသည်။
စိုးမင်းထွန်း