အင်းစိန်မြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိစစ်ဆေး

ရန်ကုန် ဩဂုတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းများကို ယနေ့ နံနက်(၁၀)နာရီအချိန်က တာဝန်ရှိသူများက စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆေးဆိုင်များကို အင်းစိန်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများက ဆေးဆိုင်များတွင် ဆေးဝယ်လာသူများ နှာခေါင်းစည်းများ တပ်ဆင်ထားမှုရှိ/မရှိ၊ ဆေးဆိုင်များတွင်လည်း ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စသည့်တို့ကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

“ကျွန်တော်တို့ ဆေးဆိုင်တွေအားလုံးကို လိုက်လံစစ်ဆေးတာပါတချို့ဆေးဆိုင်တွေက ပိတ်ထားတယ် ပြန်လည်ဖွင့်လှစ်ဖို့ လိုက်လံနှိုးဆော်ပါ တယ်အခက်အခဲရှိရင် ကူညီဆောင်ရွက်ပေးဖို့ တိုင်ပင်ပါတယ်ပြည်သူများ ကျန်းမာရေးအတွက် ဆေးဆိုင်တွေ အားလုံးဖွင့်ပြီး ထုတ်ပြန် ထားတဲ့ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်လိုပါတယ်ဟု မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ပရဟိတ အသင်းများနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို