အိမ်မဲမြို့နယ်တွင် အခြေခံလူတန်းစားများ အဆင်ပြေစေရေးအတွက် ဆန်များလှူဒါန်း

အိမ်မဲ သြဂုတ်  ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်မြခရိုင်အိမ်မဲ​မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အခြေခံလူတန်းစားများစာသောက်ရေး အဆင်ပြေစေရန်အတွက် မြင့်မြတ်သူ ပရဟိတအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှု၊ စေတနာရှင်များ၏ လှူဒါန်းမှုများဖြင့် နေ့စဉ် လှူဒါန်း ပေးလျှက်ရှိရာ ယနေ့နံနက် ၈နာရီက အလှူရှင် စဟိန်းလင်း ဇော်ဇနီးနန့်စုစုသန်း၊ သမီးနန့်ချယ်ရီသင်း မိသားစုတို့မှ ဆန်းလင်းအောင် ကွန်ပြူတာမိတ္တူဆိုင် ဖွင့်ပွဲ(၇)နှစ်မြောက် အထိမ်းအမှတ်အဖြစ် အိမ်မဲမြို့ အထက်ပိုင်းရပ်ကွက်၁၂၊၁၃၊၁၄လမ်းများရှိ ပြည်သူများအား သွားရောက် လှူဒါန်းခဲ့ကြောင်း  သိရသည်။

လှူဒါန်းရာတွင် အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ခေါက်ဆွဲထုတ်၊ ကြက်သွန်နီနှင့် Maskများကို ရပ်ကွက်အတွင်းရှိ စားဝတ်နေရေး အခက်အခဲရှိသည့် အိမ်ထောင်စု (၆၀၀)အား ကာလဒါနအလှူအဖြစ် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ရပ်ကွက်အတွင်းသို့ အိမ်တိုင်ယာရောက်  သွားရောက်လှူဒါန်းခဲ့ကြောင်း  သိရသည်။

ဌေးဌေးလှိုင်