ပုသိမ် ဩဂုတ် ၈
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ နှင့် အတူ ယနေ့ညနေ(၅)နာရီ အချိန်ခန့်က ပုသိမ်မြို့၊ ကုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးတွင် ထားရှိအသုံးပြုရန် မှာယူထားသော အောက်စီဂျင် ထုတ်လုပ်ရေးစက်ကြီး ရောက်ရှိလာရာ နေရာချထားပြင်ဆင်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ အောက်စီဂျင်ထုတ်လုပ်ရေးစက်ကြီးအား တပ်ဆင်ပြီးစီးပါက ၂၄ နာရီအတွင်း 40 L(250)အိုး ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စက်ကြီး၏ တန်ဖိုးမှာ ကျပ်သိန်း(၂၂၀၀)ခန့်ကုန်ကျပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့်ဝယ်ယူတင်သွင်းခဲ့ခြင်းဖြစ်သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စက်ကြီးအား လွဲပြောင်း တင်ဆောင် သယ်ယူနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အောက်စီဂျင်အမြန်ဆုံးထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကိုတွတ်(ပြန်/ဆက်)