ကရသူရိမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပေးလှည့်လည်နှိုးဆော်

ကရသူရိ သြဂုတ် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊  ကရသူရိမြို့တွင် ဒေသခံမိဘပြည်သူများ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော် ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆောင်ရွက်ခြင်းကို ကရသူရိမြို့ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မိဘပြည်သူများ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အပြင်ထွက်သွားလာတိုင်း Mask တပ်ဆင်ပါ၊ လူစုလူဝေး ရှောင်ကြဉ်ပါ၊ လက်ဖက်ရည်ဆိုင်နှင့် စေျးဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချရေး၊ စျေးရောင်း/ စျေးဝယ်သူများအနေဖြင့် Mask ကို အမြဲတပ်ဆင်ထားကြရန်၊  မိမိ​နေအိမ်သို့ လာရောက်ကြသည့် ဧည့်သည်များကို လက်မခံကြပါ ရန်နှင့် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း  လိုက်နာ နေထိုင်ရေးတို့ကို လည်းကောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် မီးကြွင်း၊ မီးကျန်းများ၊ လျှပ်စစ်နှင့်ဂက်(စ်)အိုးများကို စနစ်တကျ အသုံးပြုရေး၊ နေအိမ်များတွင် မီးသတ်ဆေးဘူးများထားရှိရေးနှင့် မီးလောင်မှုဖြစ်ပေါ်လာပါက မီးသတ်ဦးစီးဌာနသို့ ချက်ချင်းသတင်းပေးပို့ကြရန် အသိပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။