ရေစကြို သြဂုတ် ၁၁
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကွေ့ထောင့်ကျေးရွာ အုပ်စု၊ အောင်သာကျေးရွာ၊ မိုးကွဲကျေးရွာ အုပ်စု၊ ချင်းယားကျေးရွာတို့၌ ရွှေ့ပြောင်းခဲ့ရသည့် လူနေအိမ် ၁၆ လုံးနှင့် အိမ်ထောင်စု ၁၆ စုအတွက်ထောက်ပံ့ပေး အပ်ပွဲကို ဩဂုတ်၁၀ရက် နေ့လယ်၂နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။
အဆိုပါ ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် လူနေအိမ် ၁၆ လုံး ဖျက်သိမ်းခဲ့ရသည့်အတွက် ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းငွေကျပ် ၂၀၀၀၀၀ဝိ/- ခန့်ဖြစ်ကြောင်းနှင့် လူနေအိမ် ၁၆ လုံးဖျက်သိမ်းခဲ့ရသည့်အတွက် တစ်အိမ်ထောင်စုလျှင်ကျပ် ၁ သိန်း၊ အိမ်ထောင် စု ၁၆ စုအတွက်ဆန်ရိက္ခာထောက်ပံ့ငွေ တစ်ဦးလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့်တစ်ပတ်စာ ထောက်ပံ့ ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဒေါ်နန်းအိစံနှင့် ရေစကြို မြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်တင်မာနွယ်တို့က ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေးအပ်သည်။
လူနေအိမ်ဖျက်သိမ်းခဲ့ရသည့် အိမ်ထောင်စု၁၆စုမှ ကျား ၃၅ ဦး၊ မ ၃၄ ဦး၊ စုစုပေါင်း လူဦးရေ ၇၉ ဦးတို့အား နီးစပ်ရာဆွေမျိုးများနေအိမ်၌ ယာယီနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက် ပေးထား ကြောင်းသိရှိရသည်။
နော်နော်