အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများနှင့် ဆန်အိတ်များ ပေးအပ်လှူဒါန်း

နမ္မတူ  ဩဂုတ် ၁၁

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများနှင့် ဆန်အိတ်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ နမ္မတူမြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ပေးအပ်လှူဒါန်းသော အောက်စီဂျင် (၄၀)လီတာအိုး (၂၀)လုံး၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ၂၅၀၀ခုနှင့် RDT Test Kit (၁၀၀)ခုတို့အား  စစ်ဗျူဟာအခြေချ နမ္မတူမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇေယျာလင်းနှင့် တာဝန်ရှိသူများက နမ္မတူမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းလက်ဝယ်သို့ ပေးအပ်လှူဒါန်း ခဲ့သည်။

ဆက်လက်၍ စစ်ဗျူဟာမှူး ဗိုလ်မှုးကြီးနှင့်အဖွဲ့သည် နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးအတွက် အောက်စီဂျင်စက် (၂)လုံးအား နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

အလားတူ နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကုသနေသူများနှင့် (Facility Quarantine) ဝင်ရောက်နေသူများအားကျွေးမွေးရန်အတွက် ကာကွယ်ရေ းဦးစီးချုပ်ရုံး (ကြည်း) အမှတ်(၂)စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးနှင့် ဇနီး ဒေါ်နှင်းဝေမိသားစုမှ လှူဒါန်းသော ဆန်အိတ် (၅၀)အိတ်အား စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနှင့် အဖွဲ့မှ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကုသနေသူများနှင့် (Facility Quarantine) ဝင်ရောက်နေသူများအား အခမဲ့ကျွေးမွေးဆောင်ရွက်နေသည့် မေတ္တာရှင်နာရေးလူမှူကူညီရေး အသင်းမှ ဦးကျော်မျိုးထွဋ် လက်ဝယ်သို့ ပေးအပ်လှူဒါန်းခဲ့သည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ဇူလိုင်လ (၁၆)ရက်နေ့တွင် အောက်စီဂျင် (၄၀)လီတာအိုး (၂၀)လုံး၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ၃၀၀၀ခု၊ လက်အိတ် (၁၀၀)စုံနှင့် PPE ဝတ်စုံ (၈၀)စုံအား လည်းကောင်း၊ ဇူလိုင်လ (၂၅)ရက်နေ့တွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ဝယ်ယူအသုံးပြုရန် အခက်အခဲရှိသည့် ပန်ဟိုက်ရပ်ကွက်၊ နမ္မတူရပ်ကွက်၊ ဆိုက်ခေါင်ကျေးရွာအုပ်စု၊ ဘော်တွင်းကျေးရွာအုပ်စု၊ ခိုမိုကျေးရွာအုပ်စုနှင့် ကြူဆော့ကျေးရွာအုပ်စုတို့အတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ၃၀၀၀ခု၊ PPE ဝတ်စုံ (၃၀)စုံနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီသို့ အောက်စီဂျင် (၄၀)လီတာအိုး (၁၀)လုံးအားလည်းကောင်း၊ ဩဂုတ်လ (၅)ရက်နေ့တွင် နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံသို့ အောက်စီဂျင် (၄၀)လီတာအိုး (၂)လုံး၊ Flow Meter (၃)စုံ၊ ပါစပ်နှင့်နှာခေါင်းစည်း (Mask) ၃၀၀၀ခု၊ Glove (၁၀၀)ခု၊ PPE ဝတ်စုံ (၁၀၅)စုံနှင့် Hand Gel (၂၄)ဘူးအားလည်းကောင်း၊ ယနေ့နံနက်ပိုင်းတွင် အောက်စီဂျင် (၄၀)လီတာအိုး (၂၀)လုံး၊ အောက်စီဂျင်စက် (၂)လုံး၊ Test Kit (၁၀၀)ခု၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ၂၅၀၀ခုနှင့် အောက်စီဂျင်စက် (၂)လုံးအားလည်းကောင်း၊ စုစုပေါင်း အောက်စီဂျင် (၄၀)လီတာအိုး (၅၂)လုံး၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ၁၁၅၀၀ခု၊ Flow Meter (၃)စုံ၊ Glove (၁၀၀)ခု၊ PPE ဝတ်စုံ (၂၁၅)စုံ၊ Hand Gel (၂၄)ဘူး၊ RDT Test Kit (၁၀၀)ခု၊ လက်အိတ် (၁၀၀)စုံတို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)