Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပွင့်ဖြူမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရ…
Aug 12,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြား သော နာမကျန်းလူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက်အခက်အခဲ မဖြစ်စေရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှု ဖြင့် မြို့နယ်သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေး အသင်းနှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ စကားဝါလမ်းထောင့်နှင့် အင်ကြင်းလမ်းထောင့်ရှိ မြေကွက်တွင် အောက်ဆီ ဂျင်စက်ရုံ စတင်တည်ဆောက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချ ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဈေးများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဈေးရောင်းသူများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက (က)ရပ်ကွက်ရှိ နွယ်သာကီဈေးနှင့် (ခ)ရပ်ကွက်ရှိ သိဒ္ဓိမင်္ဂလာဈေးတို့တွင် မြောက်ဥက္ကလာပမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်၊၊
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မိုင်းယောင်းမြို့ အဝင်၊ အထွက်ဂိတ်များ၌ စစ်ဆေးဆောင်ရွက်
Aug 12,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင် မုန်းလိုက်တံတားရှိ ကျန်းမာရေးစစ်ဆေး ရေးဂိတ်၌ တံတားပေါ် ဖြတ်သန်းသွားလာလျက်ရှိသော ပြည်သူများကိုဌာဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် အသက်(၆၅)နှစ်အထက် သက်ကြီးပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအပါအဝင် ကာကွယ်ဆေ…
Aug 12,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ အသက် (၆၅)နှစ်အထက် သက်ကြီးပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအပါအဝင် ဦးစားပေးအစီအစဉ်၌ ပါဝင်သူ များအား သြဂုတ် ၉ ရက်မှ ၁၁ ရက်အထိ ၃ ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေးလာရောက် ထိုးနှံသူ (၂၀၀)ဦးရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြိုနယ်တွင် မိုးစပါးမျိုးစေ့ထုတ် စံပြကွက်အား စပါးအစွမ်းဖွင့် စိုက်နည်းစနစ် (SRI)ဖြင့် စိုက်ပျိုး
Aug 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် စံပြကွက်အားအထွက် နှုန်းကောင်းပြီး ကုန်ကျစရိတ် သက်သာသော စပါးအစွမ်းဖွင့် စိုက်နည်းစနစ်(SRI)ဖြင့် စိုက်ပျိုးကြကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်မြို့နယ်အတွင်းရှိ ပြည်သူ(၃၉၄၇)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အောင်မြင်စွာထိုးနှံပြီးစီး
Aug 12,2021
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ အသက်(၆၅)နှစ် အထက် ပုဂ္ဂိုလ်များ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက တာဝန်ထမ်း ဆောင် သည့် ဝန်ထမ်းများနှင့် ပရဟိတလူမှုရေးအသင်းသားများအား ဩဂုတ်လ(၈) ရက်နေ့က မြို့တော်ခန်းမတွင်အောင်မြင်စွာ ထိုးနှံပြီးဖြစ်ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးဝန်ထမ်းများအား စားသောက်ကုန်နှင့် ရောဂါကာကွယ်ရေးသုံး ပစ္စည်းထောက်ပံပေးအပ်
Aug 12,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝန်ထမ်းများအား စားသောက် ကုန်နှင့်ရောဂါကာကွယ်ရေးသုံး နှာခေါင်းစည်း Mask များထောက်ပံပေးအပ်ခြင်းကို ယမန်နေ့လယ်၂နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ် တောင်ပေါ်ဒေသ အရှိုချင်းတိုင်းရင်းသားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်ထိုး နှံပေး
Aug 12,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ဩဂုတ်လ(၁)ရက်နေ့မှစတင်၍ စုရပ်နေရာအသီးသီးတွင် ထိုးနှံပေးလျက်ရှိရာ လမ်းပန်းဆက် သွယ်ရေး သွားလာရခက်ခဲမှုနှင့်အကြောင်းအမျိုးမျိုးတို့ကြောင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် တောင်ပေါ်ဒေသအရှိုချင်းတိုင်းရင်းသား ဘိုးဘွားများနှင့်ဆေးထိုးရန် ကျန်ရှိ နေသေး သည့်ပြည်သူများကို ကျေးရွာများအရောက်ကွင်းဆင်း၍ ယမန်နေ့ကသွားရောက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25778
Page
25779
Page
25780
Page
25781
Current page
25782
Page
25783
Page
25784
Page
25785
Page
25786
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department